မင်္ဂလာသင်္ကြန် နှင့် MMA

1 Star2 Stars3 Stars4 Stars5 Stars (5 votes, 4 out of 5)
Loading ... Loading ...

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။
ဒီဆိုက်လေးကို တကူတက လာရောက်ကြတဲ့ သီချင်းချစ်သူပေါင်းကိုရော တကူးတက သီချင်းတင်ချင်နေကြတဲ့ member အများကိုလည်းကောင်း အားနာပါနာနဲ့ နှုတ်ခွန်းဆက်သပါတယ်။
အမှန်တော့ နွေရာသီကျောင်းပိတ်နေလို့ contributors အကုန်နီးပါး နေရပ်ပြန်နေကြတာကြောင့် update သိပ်မဖြစ်တော့ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းကို နောက်ကျမှပြောပြရတဲ့အတွက်ကြောင့်လဲ ခွင့်လွှတ်စေချင်ပါတယ်။
May လကုန်လောက်မှပဲ အရင်အတိုင်း အင်တိုက်အားတိုက်နဲ့ သီချင်းတွေ ဆက်တင်ဖြစ်မယ်ဆိုတာကိုလည်း အသိပေးချင်ပါတယ်။
အဲ့ဒါကြောင့် ဒီကြားထဲမှာ site member များအနေဖြင့် ကိုယ်တိုင်တင်ချင်သည်ရှိသော် ကျွန်တော်လဲကူညီပေးချင်ပါတယ်။ သို့ပေမယ့် connection မကောင်းသည်ကို အကြောင်းပြုကာ ပြည့်စုံလုံလောက်သော Guide တစ်ခုကို မရေးပေးနိုင်ခြင်းကိုလဲ ခွင့်လွှတ်စေချင်ပါတယ်။ အဲ့ဒါကြောင့် မြန်မြန်နှင့်ရှင်းရှင်းဖြစ်အောင် အောက်ပါ instruction လေးတွေကို ရေးသားလိုက်ရပါတယ်။ မရှင်းသည်များရှိသော် ကွန်းမန့်တွင်မေးနိုင်ပါတယ် ခင်ဗျာ။ သို့ပေမယ့် reply ကိုတော့တော်တော်နှင့် ရလိမ့်မည်မဟုတ်ပါဟု ၀န်ခံရင်း …..


၁။ သီချင်းများကို စုစည်းခြင်းနှင့် Server ပေါ်တင်ခြင်း
သီချင်းများကို Zip (or) RAR တို့ဖြင့် အရင်စုစည်းပြီး Mediafire (or) Zshare (or) Megaupload ဆာဗာများပေါ်တွင် အရင်တင်ထားနိုင်ပါသည်။ ဖိုင်ကိုတင်ပြီးသွားသော အခါတွင် လင့်လေးကို မှတ်သားထားပါ။

၂။ ပို့စ်တစ်ခုကို လေ့လာခြင်း
ခြုံပြောရမည်ဆိုလျှင် MMA သည် Wordpress ကိုသုံးထားသောကြောင့် wordpress နှင့် အကျွမ်းတ၀င်ဖြစ်နေသူများအတွက် အခက်အခဲသိပ်ရှိမည်မထင်ပါ။ သို့သော်လည်း ယခင်က အတွေ့အကြုံမရှိသူများအတွက်မှု အောက်ပါအတိုင်း ပို့စ်တစ်ခုကို ခွဲခြားသိမြင်နိုင်ပါသည်။
၂-၁။ ပို့စ်ခေါင်းစဉ် (title)
၂-၂။ ပို့စ်စာသား (post)
၂-၃။ သီချင်းအမျိုးအစား (category)
၂-၄။ ပို့စ်အခြေအနေ (post status)
၂-၅၊ Post Slug

၂-၁။ ပို့စ်ခေါင်းစဉ် (title) တွင် အဆိုတော်နာမည်ကို ရှေ့တွင်ထားပြီး နောက်တွင်
သီချင်းနာမည်ကို ရေးသားရပါမည်။
၂-၂။ ပို့စ်စာသား (post) တွင် ရိုးရိုးရှင်းရှင်းဖြင့် ပါဝင်သော သီချင်းနာမည်များကို ၁ ၂ ၃ ၄ စသည်ဖြင့် list တစ်ခုဖြင့် ဖေါ်ပြရပါမည်။ ထို့နောက် Download Link ဟူ၍ ခေါင်းစဉ်တပ်ကာ မိမိတင်ထားသော file hosting နာမည်ကို ဖော်ပြပြီး စောစောကမှတ်ထားသော mp3 album link လေးကို လင့်ချိတ်ပေးရပါမည်။
၂-၃။ သီချင်းအမျိုးအစား (category) ရွေးခြယ်ရာတွင် နဲနဲလက်ဝင်ပါမည်။ ပထမဆုံး ပို့စ်တင်သည့် ညဖက်တွက် Categories ဆိုပြီး list လေးတွေ့ပါလိမ့်မည်။ ပထမဆုံး ထို list အောက်ဆုံးကိုသွားရောက်ကြည့်ရှုလျှင် အခွေ(တကိုယ်တော်) နှင့် အခွေ(အများ) ကိုအရင်တွေ့ပါမည်။ ထို ၂ ခုမှတစ်ခုကို အရင်ရွေးခြယ်ပေးပါ။ အကယ်၍ အဆိုတော်(အများ) ဖြစ်ခဲ့လျှင် “အဆိုတော်(အများ)” category ကိုအရင်ရွေးခြယ်ပေးပါ။ ထို့နောက် ထိုအခွေတွင်ပါဝင်သော အဆိုတော်များကို အဆိုတော်(ကျား)၊ အဆိုတော်(မ) နှင့် အဆိုတော် (အဖွဲ့) တို့တွင်တစ်ဦးခြင်းစီအတွက် လိုက်လံ ရွေးခြယ်ပေးစေချင်ပါသည်။ သို့မှသာ လေးဖြူ category ကိုနှိပ်လိုက်လျှင် သူ့ရဲ့တစ်ကိုယ်တော် အယ်ဘမ်တွေအပြင် တခြားသူများနှင့်တွဲဆိုထားသည့် အယ်ဘမ်များ (ဥပမာ LMN ) တို့မှာပါပေါ်လာမှာဖြစ်ပါတယ်။ အချို့နေရာတွင် တစ်ပုဒ် နှစ်ပုဒ်သာ ဆိုရသေးသော အဆိုတော်များရှိပါသည်။ အဆိုပါ အဆိုတော်များတွင် ကိုယ်ပိုင် အယ်ဘမ်မရှိပါ။ ထိုအဆိုတော်များအတွက် category ကို အဆိုတော်(ကျား/မ) နေရာတွင် တွေ့မည်မဟုတ်ပါ။ ထိုသို့အခြေအနေတွင် ထိုအဆိုတော်နာမည်ကို ပို့စ်စာသားရေးသားသောနေရာအောက်ကပ်ရပ်တွင် Tags ထည့်ရန်နေရာတစ်ခုရှိပါသည်။ ထိုနေရာတွင် ထိုအဆိုတော်နာမည်ကို ထည့်သွင်းနိုင်ပါသည်။ မထည့်ချင်ရင်လဲ ရပါသည်။
အကယ်၍ တကိုယ်တော် အခွေဖြစ်ခဲ့လျှင် အခွေ(တကိုယ်တော်) ဆိုသည့်နေရာတွင် ရွေးခြယ်ပေးရမည့်အပြင် ကျားအဆိုတော်နဲ့ မအဆိုတော်ကိုပါ အပေါ်တက်၍ ရွေးခြယ်ပေးပါ။
၂-၄။ ပို့စ်အခြေအနေ (post status) ဆိုသည်မှာ ကိုယ့်တင်လိုက်သည့်ပို့စ်ကို လူအများထံသို့ပြသမည်၊ သို့မဟုတ် အကြမ်းသိမ်းထားမည် စသည်ဖြင့် လုပ်ဆောင်ရန်အတွက်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကိုယ်လိုက်သည့်ပို့စ်ကို ဖော်ပြစေလိုလျှင် Published ကိုရွေးခြယ်ပေးရပါမည်။
၂-၅၊ Post Slug သည် Category တို့၏ အောက်ဖက်တွင်ရှိပါသည်။ စာရေးသူသည် ပို့စ်ခေါင်းစဉ်ကို မြန်မာလိုရေးသောအခါ Web Browser ထဲတွင် ကိုယ်တင်လိုက်သော ပို့စ်၏ URL (link) သည် မြန်မာလိုဖော်ပြပါသည်။ သို့ရာတွင် Web Browser ကထို link ကိုမြန်မာလိုမဖော်ပြနိုင်သောအခါ လူဖတ်လို့မရသော ရှုပ်ပွနေသည့် link တစ်ခုအနေဖြင့် ပေါ်လာပါမည်။ ထိုသို့မဖြစ်စေရန် စာရေးသူသည် မြန်မာလို ခေါင်းစဉ်တင်သောအခါ ထို Post Slug နေရာတွင် သီချင်းနာမည်ကို Burglish (မြန်မာ၊ အင်္ဂလိပ်) အသံထွက်ဖြင့် ရေးသားပေးခြင်းဖြင့် စာရေးသူတင်လိုက်သောပို့စ်၏ URL ကိုရှင်းရှင်းလင်းလင်း ဖတ်သား မှတ်သားနိုင်မှာ ဖြစ်ပါသည်။

အထက်ပါအတိုင်း ခေါင်းရှုပ်စွာ လုပ်ဆောင်ပြီးသောအခါ Publish ဆိုသော ခလုပ်လေးကို နှိပ်လို့ရပါပြီး ထိုအခါ မလှမပ မသပ်မရပ် ပေါ်လာသော ပို့စ်များကိုမြင်ရပါမည်။ စိတ်မပျက်ပါနှင့် သက်ဆိုင်ရာပို့စ်ထဲဝင်ကြည့်ပြီး ထိုပို့စ်အောက်နားရှိ “This entry was written…. ” အဆုံးတွင် “Edit” ကိုနှိပ်၍ အမှားများကို ပြန်လည် ပြင်ဆင်နိုင်ပါသည် ခင်ဗျား။

Shared by Admin

About the Author

Admin

Love to share Music

4 Responses to “ မင်္ဂလာသင်္ကြန် နှင့် MMA ”

  1. [...] Continue Reading [...]

  2. ကျွန်တော်ပြောစရာလေး ကျန်ခဲ့လို့ပါ။ member အားလုံးကို Author ရာထူးကိုတိုးပေးလိုက်ပါပြီ။ အရင်လို Admin ရဲ့ Review ကိုစောင့်စရာမလိုတော့ပါဘူး။ ကိုယ်တိုင် ပို့စ်များကို တန်းတင်နိုင်ပါပြီ။ ဒါဟာလဲ member တွေကို ယုံကြည်အားကိုးလို့ပါခင်ဗျာ။ MMA လေးကိုတိုးတက်အောင် ကူညီပေးကြပါလို့ …

  3. အဆိုတော် စိုးလွင်လွင်ရဲ့  သီချင်းများတင်ပေးကြစေချင်ပါတယ်..
    မျှော်လင့်နေမယ်…

  4. ကူညီပါဦးဗျာ…,အဆိုတော်လိုက်ရှာရန်…ဆိုတဲ့နေရာမှာ အဆိုတော်နာမည်တွေကိုဖွင့်လိုက်ရင် ???????? တွေပဲမြင်နေရတယ်…အဲဒါလေးတစ်ချက်လောက်…,ပြီးတော့ ချစ်သူတို့ရဲ့မင်္ဂလာတေး ဆိုဲ့တဲ့အခွေလေး အကိုတို့မှာရှိရင် တင်ပေးပါဦးနော် ကျေးဇူးတင်ပါတယ်ဗျာ….အားလုံးအတွက်ပါ

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>