ထူးအိမ်သင် - ၀န်ရိုးစွန်းမီး

၁။ ဟန်နီ…………
၂။ ၀န်းရိုးစွန်းမီး…….
၃။ ဝေးလွင့်ခြင်း……..
၎။ နောက်ဆုံးအနမ်း……….
၅။ နှစ်ယောက်………အချစ်
၆။ သူ့ ………အမုန်း
၇။ စကားလုံးတွေ သိပ်မလိုဘူး……….
၈။ အစဉ်…….အမြဲ
၉။ ကျိန်စာသင့်…….ရင်ခွင်
၁၀။ ထားရက်သူ……..သွားခဲ့ရင်……
.
သီချင်းလက်ဆောင်
.
Credit - sayargye

Shared by sayargye

About the Author

sayargye

6 Responses to “ ထူးအိမ်သင် - ၀န်ရိုးစွန်းမီး ”

  1. သီချင်းတွေတင်ပေးတတ်တဲ့……..ဆိုက်တွေမှာ တော်တော့ကို ရှားရှားပါးပါး တွေ့ ရတတ်တဲ့ အယ်ဘမ် တစ်ခုပါ………….။ ရတောင့်ရခဲ……..ကြုံတောင့်ကြုံခဲလေးမို့ ………..စေတနာနဲ့ ဝေမျှလိုက်ပါတယ်…….။
    (တိတ်တိတ်လေးလာလည်ပြီး…….တိတ်တိတ်လေး ပြန်သယ်သွားနိုင်ကြပါစေ…………..)။

    ဒီအယ်ဘမ် (၀န်ရိုးစွန်း…..မီး) ကို ၁၉၉၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ………လင်း (စတီဒီရို)မှာ…..
    Session Players တွေနဲ့ တီးခတ်ပြီး……..နာဆာ (တေးသံသွင်း)မှ ဖြန့် ချိ ခဲ့တာဖြစ်ပါတယ်…..။

    တေးချစ်သူများ…….ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်………
    မှားသည်၊ မှန်သည်……..၊ အကြံပြု ဝေဖန်ချက်များကိုလည်း ကြိုဆိုလျက်…………
    အားပေးမယ်ဆိုရင်……..ကွန်မင့်လေးတွေရေးကြပါဦး………..။

  2. http://www.htooeainthin.com/songs/winyoezunmee.php

    အပေါ်က URL ကိုသွားကြည့်ပြီး ကိုထူးအိမ်သင်ရဲ့ ၀င်ရိုးစွန်းမီး အယ်လ်ဘမ်ထဲမှာ သီချင်းတွေကို ရေးဖွဲ့ပေးထားကြတဲ့ တေးရေးဆရာတွေရဲ့ နာမည်တွေကို သိနိုင်ပါတယ်။

    ဒီသီချင်းခွေ ဖြစ်ပေါ်ဖို့အတွက် ၁၀ စုနှစ် တစ်နှစ်ကျော် စောင့်ဆိုင်းခဲ့ရတယ်လို့လဲ ဆိုပါတယ်။

    သီချင်းအားလုံးဟာ ကိုယ်ပိုင်သံဇဉ် သီချင်းများဖြစ်ပြီး ကျွန်တော်ကတော့ သီချင်းတွေ အားလုံးကို နှစ်သက်ပါတယ်။

    ထူးအိမ်သင်ကို နှစ်သက်ကြတဲ့ တစ်ချို့သော ပရိတ်သတ်တွေတောင် ဒီအခွေထဲက သီချင်းတွေကို နားမထောင်ဘူးကြတာ၊ သီချင်းစာသားတွေကို မရကြတာတွေကို ကျွန်တော်တွေ့ဖူးပါတယ်။

    ထူးအိမ်သင်ရဲ့ အယ်ဘမ်တွေထဲမှာ အောင်မြင်ကျော်ကြားမှု အနဲဆုံး အယ်လ်ဘမ်လို့လဲ တစ်ချို့က ဆိုကြပါတယ်။

    ကျွန်တော်ဒီအယ်လ်ဘမ်ရဲ့ သီချင်းစာအုပ်ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့မယ်ဆိုရင်ဖြင့် ဒီသီချင်းစာအုပ်ထဲက သီချင်းတွေနဲ့ ဂစ်တာကော့ဒ်တွေ၊ သီဆိုသူ ကိုထူးအိမ်သင်ရဲ့ သီချင်းစာအုပ်မှာ အမှာစာ ရေးသားထားတာတွေကို ကူးယူဖော်ပြပေးပါဦးမယ်။

    ဒီသီချင်းခွေဟာ ကိုတင်ဦးသောင်းနဲ့ ကိုထူးအိမ်သင်တို့ရဲ့ လက်ရာ လို့လဲ ဂီတမိတ်ဆွေတစ်ချို့က ပြောပြတာကို သိရပါတယ်။

    ရှားပါးတဲ့ သီချင်းတွေကို မျှဝေပေးနိုင်တဲ့ ဆရာကြီး ဆိုသူကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

    ဆက်လက်မျှဝေပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    အခြားသော တေးချစ်သူများကလဲ ကိုယ်သိသလောက် သီချင်း ဂီတနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာလေးတွေကို မှတ်ချက် အနေနဲ့ ရေးပေးသွားကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။

    သီချင်းတွေ အကြောင်းကို ကိုယ်သိသလောက် ပြောပြကြတာ၊ သူများပြောတာတွေကို ပြန်နားထောင်ရတာ၊ အရင်တုန်းက သီချင်းတွေ အကြောင်းကို ပြောပြတဲ့အချိန်မှာ အဲဒီအချိန်က တစ်ချို့သော အကြောင်းအရာတွေကို အမှတ်ရမိတာမျိုးတွေ၊ အစရှိတာတွေဟာ ကျွန်တော့်အတွက်တော့ ပျော်ရွှင်မှုတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။

    ချစ်ခြင်းအားဖြင့်
    ဖိုးသား။

  3. ကိုဆရာကြီးရေ
    တိတ်တိတ်ကလေးလာပြီ တိတ်တိတ်ကလေး download လုပ်တာပဲ .. ဒါပေမဲ့ တိတ်တိတ်ကလေး
    နေလို့မရတော့ဘူး ဟဲဟဲ … ဘာလို့လဲဆိုတော့ သီချင်းအပုဒ်နံပါတ် ၁၀ က download လုပ်လို့မရဘူး
    ဖြစ်နေတယ် … အဆင်ပြေမယ်ဆိုရင် Upload တစ်ခါလောက်လုပ်ပေးပါဦး
    ခင်မင်လျက် - အိုတူး

  4. ဟုတ်ကဲ့………..ကျွန်တော် သီချင်း နံပါတ် ၁၀ ကို ပြန်တင်ပေးထားပါတယ်……….။
    အခုလို လိုအပ်ချက်လေးတွေကို ပြောပြတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်………။
    PoeThar……….ကိုလည်း အထူးကျေးဇူးတင်ပါတယ်…………၊ သီချင်း ချစ်တတ်သူချင်းတွေ အဖြစ်
    မျှဝေ ခံစားခွင့်တွေ ရတာကိုလည်း ကျေးဇူးတင်ပါတယ်………..။
    ကျွန်တော်လည်း တတ်နိုင်သလောက် ဒီဆိုဒ်မှာ မရှိသေးတဲ့ သီချင်းမျိုး……….၊
    ရှားရှားပါးပါးနဲ့ ရှာရခက်တဲ့ သီချင်းမျိုးတွေကို အဓိက ထားပြီး၊ လက်လှမ်းမီသလောက်၊ ရှိသမျှ အားအင် လေးနဲ့ တင်ပေးသွားမှာပါ…………။
    ဟုတ်ကဲ့……..ကျွန်တော်လည်း အခု ဂီတာပြန်တီးနေလို့ …….သီချင်းစာသားနဲ့ ကော့ လေးတွေ ဖြစ်နိုင်မယ်ဆိုရင် လုပ်ပေးပါဦးဗျာ…………။
    ကျွန်တော့် ၀ါသနာကိုက……..ကိုယ်တိုင်နားထောင်မိတဲ့ သီချင်း………၊ သူများနားထောင်ချင်တဲ့
    သီချင်းမျိုးကို (အနားမှာရှိနေရင်…….အတူတူ မျှဝေ ခံစားရင်း…….) သီချင်းတွေ ဖွင့်ပြရတာကို အလွန်ကို ကြိုတ်နှစ်သက်ပါတယ်………….ငယ်ငယ်ကတည်းကလေ……….။
    အားလုံးကို ခင်မင်လျက်……………..။

  5. သီချင်းလက်ဆောင်အဖြစ်နဲ့ …………….သီချင်းတစ်ပုဒ် ထည့်ပေးထားပါတယ်…………။
    ၁။ သီချင်း နာမည်
    ၂။ သီဆိုသည့် အဖွဲ့ နာမည်
    တို့ ကို ပြည့်စုံအောင် ပြန်လည်ဖြေကြားပေးရမှာပါ…………….။

    ရည်ရွယ်ချက်။ ။ သီချင်းကို သီချင်းလို့ ဘဲ ခံစားစေချင်တာပါ…………။
    တေးချစ်သူများ ကွန်မင့်လေးတွေ ရေးကြပါဦး…………။
    ခင်မင်လျက်…………

  6. ကိုဆရာကြီးရေ … download လုပ်လို့ရသွားပြီ … ဒါမျိုးရှယ်လေးတွေကို စိတ်ရှည်လက်ရှည်
    နဲ Upload လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ … နောက်ကိုလည်း ဒီလိုပဲ
    ရှယ်လေးတွေထပ်လာဦးမယ်လို့မျှော်လင့်လျက်ပါဗျား …
    ခင်မင်လျက် - အိုတူး

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>