ကမ်းလင့်လက်များ

1 Star2 Stars3 Stars4 Stars5 Stars (1 votes, 4 out of 5)
Loading ... Loading ...

ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်ပေါ်သွားတဲ့ နာဂစ် မုန်တိုင်းအတွက် သီဆိုထားတဲ့ သီချင်းလေးပါ…………။

ကမ်းလင့်လက်များ……………

လို့ အမည်ရတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်……..
အဆိုတော် စုစုပေါင်း (၂၂) ပါဝင်သီဆိုထားခြင်းပါ…………

Shared by sayargye

Credit by ME

Shared by sayargye

About the Author

sayargye

Howdy Sayargye !

One Response to “ ကမ်းလင့်လက်များ ”

  1. အကြင်နာတွေနဲ့ဖေးကူပါ
    (လေးဖြူ+အငဲ+မျိုးကြီး+ဟယ်ရီလင်း+ဇော်ပိုင်+ဆုန်သင်းပါရ်+လေးလေးဝါး+ချောစုခင်+ …. )

    ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
    ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
    ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
    ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ မမြဲခြင်းတရားတဲ့လား

    ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
    နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
    အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
    အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား

    ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
    ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
    စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
    လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
    အကြင်နာတွေနဲ့ ဖေးကူပါ

    အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
    အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
    အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
    မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

    ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
    အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
    ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
    သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား (အူး.. အားလုံးရဲ့အဖြေလား)

    ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
    ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
    စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
    လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
    အကြင်နာတွေနဲ့ ဖေးကူပါ

    ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ် အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
    ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

    မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
    အချစ်.. ကမ်းမယ့်လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

    မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
    အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘ၀တွေ

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>