လောကကြီးရဲ့မောင်းနှင်အား-ထူးအိမ်သင်

1 Star2 Stars3 Stars4 Stars5 Stars (14 votes, 4.79 out of 5)
Loading ... Loading ...

၁၉၉၆ ၀န်းကျင်က ပဉ္စဂံတေးစု-၂ သီချင်းအယ်လ်ဘမ်ထဲမှာ ထူးအိမ်သင် ဖွဲ့ဆိုထားတဲ့ “လောကကြီးရဲ့မောင်းနှင်အား” ဆိုတဲ့သီချင်းကို မျှဝေခံစားစေချင်ပါတယ်။
သီချင်းစာသား သံစဉ် စီစဉ်မှု အတော်ကောင်းမွန်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ခံစားမိပါတယ်။
သီချင်းချစ်သူများ ကိုထူးအိမ်သင်ရဲ့ အနုပညာကို ချစ်ခြင်းအားဖြင့် မျှဝေခံစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

ချစ်ခြင်းအားဖြင့်
ဖိုးသား။

ဖွဲ့ဆို-ထူးအိမ်သင်
လောကကြီးရဲ့မောင်းနှင်အား

လူတွေဟာ လောကကြီးမှာမွေးဖွားအသက်ရှင်ခဲ့
ပြန်လည်ကာ လောကကြီးကို ပေးဆပ်ဖို့လိုတယ်
ကမ္ဘာမြေကို မြတ်နိုးတဲ့
ရင်ခုန်သံတို့သီချင်းပဲ
တာဝန်ကိုယ်စီ တို့ပုခုံးထက်ရှိနေတယ်

ခိုလှုံရာ လောကကြီးကို ကျေးဇူးမကန်းပါနဲ့
ယုံကြည်စွာ ပေးဆပ်ဖို့ရာ ကြိုးစားအသက်ရှင်မယ်
ကမ္ဘာမြေရဲ့ မျှော်လင့်ချက်
မိခင်တွေ ချစ်ခြင်းနဲ့
ရှင်သန်လည်ပတ်သွားမယ့် တို့ကမ္ဘာရယ်

ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်
ချစ်တဲ့ လောကကြီးအား အားလုံးကျေးဇူးတင်
ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ကမ္ဘာ
အမြဲတမ်းလှပ ငြိမ်းချမ်းသွားမှာပါ

လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ
သာယာတဲ့လောကကြီးမှာ စစ်မက်များ မလိုဘူး
နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ
ရင်ခုန်နေတဲ့ နှလုံးသားက တစ်ရောင်တည်း


ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်
ချစ်တဲ့ လောကကြီးအား အားလုံးကျေးဇူးတင်
ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ကမ္ဘာ
အမြဲတမ်းလှပ ငြိမ်းချမ်းသွားမှာပါ

လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ
သာယာတဲ့လောကကြီးမှာ စစ်မက်များ မလိုဘူး
နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ
ရင်ခုန်နေတဲ့ နှလုံးသားက တစ်ရောင်တည်း

Download
Media Fire
Rapid Share

Shared by ဖိုး သား

About the Author

PoeThar

သီချင်းများခေါ်ဆောင်ရာသို့ လိုက်ပါရွက်လွှင့်နေသူ...... ချစ်ခြင်းအားဖြင့် ဖိုးသား။

4 Responses to “ လောကကြီးရဲ့မောင်းနှင်အား-ထူးအိမ်သင် ”

  1. ဒီသီချင်းလေးကို လိုချင်နေတာကြာပြီ။
    အခုမှပဲ ရတော့တယ်။
    ကျေးဇူးတင်ပါတယ်။

  2. ကိုဖိုးသားရေ …
    အခုလိုသီချင်းကောင်းလေး ရှယ် ပေးတဲ့အတွက်ကျေးဇူးအထူးပါဗျာ
    ထူးအိမ်သင်ဆိုထားခဲ့တဲ့ အတွဲခွေလေးတွေထဲကတခြားသီချင်းလေး
    တွေရှိရင်လဲ ရှယ် ပါဦးလို့တောင်းဆိုပါရစေ
    ကျနော်မှတ်မိတဲ့အဲဒီအတွဲခွေနာမည်လေးတွေက
    “ရင်ထဲကဟစ်ကြွေးသံများ ၁”, “ရင်ထဲကဟစ်ကြွေးသံများ ၂”,
    “ပဉ္စဂံတေးစု ၁”, နဲ့ “ပဉ္စဂံတေးစု ၂” တို့ပါပဲ … ဒါတွေက သူ့ခေတ်ဦး
    က ဆိုခဲ့တဲ့အတွဲခွေလေးတွေပါ … နောက်ပိုင်းတော့ အများကြီးပါပဲ
    Internet ပေါ်မှာတော့ အဲဒီအခွေတွေကိုကျနော်ဘယ်လိုမှ ရှာလို့မရဘူး
    ဖြစ်နေတယ်ဗျာ … ဝယ်ချင်ပါတယ်ဆိုရင်တောင် ဘယ်မှာဝယ်ရမှန်း
    မသိဘူး … ရန်ကုန်က အခွေဆိုင်တွေမှာတော့ ရှိဦးမလားမသိဘူးဗျာ
    တတ်နိုင်ရင်ကူညီပါဦး …
    ခင်မင်စွာဖြင့်
    အိုတူး

  3. ကိုဖိုးသားရေ ကျေးဇူးအရမ်းတင်တယ် …..

  4. ကျေးဇူးတင်တယ်ဗျာ
    ဒီလိုဆိုဒ်မျိုးရှိတာအခုမှသိတယ်။
    myanmarmp3.net ကတော့ သောက်ကြီးကျယ်တယ်။ တစ်ခါရက်ဂျစ်စတာကို သီချင်းဒေါင်းလုပ်
    ကန့် သတ်ချက်လုပ်ထားတယ်။

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>