” ထူးအိမ်သင်၏ ရှားပါးသော သီချင်းများ စုစည်းမှု ”

HtooEainThin
” ထူးအိမ်သင်၏ ရှားပါးသော သီချင်းများ စုစည်းမှု ”
ဂီတအနုပညာရှင် ကို ထူးအိမ်သင် သီဆိုခဲ့တဲ့ ရှားပါးသောပြီး ရှာဖွေရခက်တဲ့ သူ့သီချင်းများကို ဒီနေရာလေးကနေ တစ်ဦးနဲ့တစ်ဦး အတူတူဝိုင်းဝန်း ဝေမျှပေးကြရင်းနဲ့ စုဆောင်းနိုင်ကြဖို့အတွက် အကြံလေးဖြစ်ပေါ်ခဲ့တာ ကြာပါပြီ။
ကိုထူးအိမ်သင်ရဲ့ ပရိတ်သတ်တစ်ဦးအနေနဲ့ သူ့ရဲ့ ဂီတအနုပညာတန်ဖိုးကို တန်ဖိုးထားလေးစားမိပါတယ်။
သို့ပေမယ့် အခုလို အချင်းချင်း ဝေမျှချင်ရတဲ့ အဓိကအကြောင်းရင်းက သူ့ရဲ့ တစ်ချို့သော သီချင်းများကို လိုလိုချင်ချင် လိုက်လံ ရှာဖွေသည့်တိုင်အောင် အလွယ်အကူ ရှာဖွေမရနိုင်တဲ့အတွက်ကြောင့် သူ့သီချင်းများ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမှာကို စိုးရိမ်မိပါတယ်။
Shared by ဖိုး သားထူးအိမ်သင် ရဲ့ “အမေ့အိမ်” သီချင်း ၅ပုဒ်


သီချင်း ချစ်သူများအတွက် ကျွန်တော် စုဆောင်းထားတဲ့ ကိုထူးအိမ်သင် သီဆိုခဲ့တဲ့ အမေ့အိမ် သီချင်းတစ်ပုဒ်ထဲကို မတူညီတဲ့ စတိုင်လ် ၅ မျိုးနဲ့ ဆိုထားတဲ့ သီချင်း ၅ ပုဒ်ကို မျှဝေပေးလိုပါတယ်။ သေသေချာချာ နားထောင်ကြည့်ရင် ဆိုဟန် ကွဲပြားတာကို သိနိုင်ပါတယ်။
ချစ်ခြင်းအားဖြင့်
ဖိုးသား။
လောကကြီးရဲ့မောင်းနှင်အား-ထူးအိမ်သင်
၁၉၉၆ ၀န်းကျင်က ပဉ္စဂံတေးစု-၂ သီချင်းအယ်လ်ဘမ်ထဲမှာ ထူးအိမ်သင် ဖွဲ့ဆိုထားတဲ့ “လောကကြီးရဲ့မောင်းနှင်အား” ဆိုတဲ့သီချင်းကို မျှဝေခံစားစေချင်ပါတယ်။
သီချင်းစာသား သံစဉ် စီစဉ်မှု အတော်ကောင်းမွန်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ခံစားမိပါတယ်။
သီချင်းချစ်သူများ ကိုထူးအိမ်သင်ရဲ့ အနုပညာကို ချစ်ခြင်းအားဖြင့် မျှဝေခံစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ချစ်ခြင်းအားဖြင့်
ဖိုးသား။
မျိုးကြီးရဲ့ သီချင်းအသစ် “ရိုးစင်းသောဘ၀ရဲ့ပျော်ရွှင်မှု“
မျိုးကြီးရဲ့ ပရိတ်သတ်များအတွက်

မျိုးကြီးရဲ့ သီချင်းအသစ် ရိုးစင်းသောဘ၀ရဲ့ပျော်ရွှင်မှု လို့ နာမည်တပ်ထားတဲ့ သီချင်းတစ်ပုဒ်ကို မျှဝေပေးချင်ပါတယ်။
သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
ချစ်ခြင်းအားဖြင့်
ဖိုးသား။




